ကုန်ပစ္စည်းအမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ငန်းအစအဆုံး ဝန်ဆောင်မှုပေးပါသည်။
ကုန်ပစ္စည်းအမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
(လက်ရှိအသုံးပြုနေသော) ကုန်အမှတ်တံဆိပ်ဟောင်းများအား ယခုအခါတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်တွင် တရားဝင်ဖြစ်စေရန် Intellectual Property Department (IPD) ၏ online system အသစ်တွင်ပြန်၍ မှတ်ပုံတင်သည့်ဝန်ဆောင်မှုပေးပါသည်။
ကုန်ပစ္စည်းအမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
ကုန်အမှတ်တံဆိပ်သစ်များကို ယခုအချိန်တွင် IPD system အသစ်တွင် မှတ်ပုံတင်၍ မရသေးသော်လည်း ယခင်ကဲ့သို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီး system အသစ်တွင် ပြန်လည်မှတ်ပုံတင်ပေးသည့် ဝန်ဆောင်မှုပေးပါသည်။
- စာရွက်စာတမ်းများပြင်ဆင်ခြင်း (logo/trademark ရေးဆွဲခြင်းမှလွဲ၍)
- လျှောက်လွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း
- သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
- သတင်းစာတွင် ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်ကြောင်းကြေငြာချက်
- Intellectual Property Department မှဥပဒေပြုသော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ
- ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
- စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
- လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။