ကုမ္ပဏီဥပဒေအရ MyCo Filing ဝန်ဆောင်မှု
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရတင်ရသော MyCo Filing နှင့် ကုမ္ပဏီတွင်းထိန်းသိမ်းရမည့်မှတ်တမ်းများအတွက်ဝန်ဆောင်မှု
ဤဝန်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများကြီးကြပ်ရေးဦးစီးဌာန (DICA) ထံမဖြစ်မနေတင်ပြရသည့် ရှယ်ယာတိုးမြှင့်ခြင်း၊ ဒါရိုက်တာ/အစုရှင် အချက်အလက်ပြောင်းလဲခြင်း အစရှိသည့်ပြောင်းလဲခြင်းများ၊ နှစ်ပတ်လည်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကျင်းပခြင်း၊ နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း၊ ကုမ္ပဏီလိပ်စာပြောင်းလဲခြင်း၊ ရှယ်ယာအရောင်းအဝယ်/လွှဲပြောင်းခြင်း အစရှိသည်တို့ကို Filing ပြုလုပ်ပေးခြင်းနှင့် ဆက်စပ်စာရွက်စာတမ်းများကို ကုမ္ပဏီအတွင်းဥပဒေအရ ထိန်းသိမ်းထားနိုင်ရန် ပြင်ဆင်၊ စုဆောင်း၊ ဆောင်ရွက်ပေးသော ဝန်ဆောင်မှုဖြစ်ပါသည်။
ဤဝန်ဆောင်မှုကို ကိစ္စတစ်ခုချင်းအလိုက်အပြင်၊ နှစ်ရှည်စာချုပ်ဖြင့်လည်း ဆောင်ရွက်ပေးပါသည်။ နှစ်ရှည်ဝန်ဆောင်မှုကိုရယူပါက နှစ်စဉ် ကုမ္ပဏီတွင်း အပြောင်းအလဲများနှင့် တင်ရမည့် filing များ၊ ပြင်ဆင်ထိန်းသိမ်းရမည့် စာရွက်စာတမ်းများ/မှတ်တမ်းများ အစရှိသည်တို့ကို လိုအပ်သည့်အတိုင်းဆောင်ရွက်ပေးပါသည်။
- ဥပဒေအရ မဖြစ်မနေဆောင်ရွက်ရသော နှစ်ပတ်လည်အစည်းအဝေး (ကုမ္ပဏီငယ်များကင်းလွတ်ခွင့်ရှိသည်) နှင့် နှစ်ပတ်လည်အစီရင်ခံစာတင်ခြင်း
- ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင်ဖြစ်ပေါ်သောအပြောင်းအလဲများ (ဒါရိုက်တာအပြောင်းအလဲ၊ ရှယ်ယာအပြောင်းအလဲစသည်ဖြင့်) တို့အတွက်တင်ရသော MyCo Filing များ
- ကုမ္ပဏီဒါရိုက်တာနှင့်အစုရှင်များ၏ စည်းဝေးမှတ်တမ်းများနှင့် အခြားအရေးကြီးစာရွက်စာတမ်းများနှင့် မှတ်တမ်းများထိန်းသိမ်းခြင်း
- ကိစ္စတစ်ခုခြင်းအတွက်ဆောင်ရွက်ပေးခြင်း
- နှစ်ရှည်စာချုပ်ဖြင့်ဆောင်ရွက်ပေးခြင်း
- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ
- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာစည်းမျဉ်းများ ၂၀၁၈
- အချိန်အားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်ကြေငြာစာများ
- ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
- စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
- လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။