ဥပဒေအရ ပုံမှန်တင်ပြရသော filing များ၊ အစီရင်ခံစာများ တင်ပြပေးခြင်းနှင့် အခြားခွင့်ပြုချက်များရယူပေးခြင်း

-သုံးလပတ်နှင့် နှစ်ပတ်လည်အစီရင်ခံစာများကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင်ပြခြင်း

-နိုင်ငံခြားသားဝန်ထမ်းခန့်ထားခွင့်၊ သွင်းကုန်စာရင်းအတွက်ထောက်ခံစာ အစရှိသည်တို့အတွက် လျှောက်ထားပေးခြင်း

 

အစီရင်ခံစာတင်ပြခြင်း

ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများသည် သုံးလပတ်နှင့် နှစ်ပတ်လည်အစီရင်ခံစာများကို မဖြစ်မနေတင်ပြရပါသည်။

နိုင်ငံခြားသားဝန်ထမ်းခန့်ထားခွင့်၊ သွင်းကုန်စာရင်းအတွက်ထောက်ခံစာ အစရှိသည်တို့အတွက် လျှောက်ထားပေးခြင်း

ဤကဲ့သို့ခွင့်ပြုချက်များအတွက်လည်း ဝန်ဆောင်မှုပေးပါသည်။

  • အစီရင်ခံစာတင်ပြခြင်း

သုံးလပတ်အစီရင်ခံစာကို သက်ဆိုင်ရာသုံးလကာလပြီးဆုံးပြီးတစ်လအတွင်းတွင် တင်ရမည်ဖြစ်ပြီး နှစ်ပတ်လည်အစီရင်ခံစာကို သက်ဆိုင်ရာ fiscal year ပြီးဆုံးပြီးနောက် ကပ်လျက် December လတွင် တင်ရမည်ဖြစ်ပါသည်။

  • နိုင်ငံခြားသားဝန်ထမ်းခန့်ထားခွင့်အတွက် လျှောက်ထားပေးခြင်း

လေယာဉ်ဆိုက်ရောက်သည့်နေ့မှစ၍ (၇) ရက်အတွင်းလျှောက်ထားရမည်ဖြစ်ပါသည်။ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ထပ်မံလိုအပ်သော အလုပ်ဗီဇာ၊ နေထိုင်ခွင့်ပါမစ်၊ နိုင်ငံခြားသားမှတ်ပုံတင် certificate (FRC) နှင့် အလုပ်သမားမှတ်ပုံတင်ကဒ်တို့ကို ထပ်မံလျှောက်ထားရမည်ဖြစ်ပါသည်။

  • သွင်းကုန်စာရင်းအတွက်ထောက်ခံစာအတွက် လျှောက်ထားပေးခြင်း 

ဆောက်လုပ်ရေးပစ္စည်းများနှင့် စက်ပစ္စည်းများကို ဆောက်လုပ်ရေးကာလအတွင်း တင်သွင်းရာတွင် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ရရှိစေရန်အတွက် ခွင့်ပြုချက်ရထားသောအဆိုပြုလွှာတွင် တင်ပြထားသော စာရင်းအရ ကော်မရှင်၏ ထောက်ခံစာအတွက် ထပ်မံလျှောက်ထားရပါသည်။

 

 

  • အကောင်းဆုံးနည်းဗျူဟာများအတွက် အကြံပေးဆွေးနွေးမှု 
  • လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ရေးဆွဲခြင်း (အခြား third party organization များမှပြင်ဆင်ရမည့်စာရွက်စာတမ်းများမပါဝင်ပါ) 
  • အဆိုပြုလွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း 
  • သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

 

  •  ဆောက်လုပ်ရေးကာလအတွင်း တင်သွင်းမည့်ပစ္စည်းများ၊ စက်ကိရိယာများစသည်တို့အတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့် ရရှိနိုင်သည်။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်/အတည်ပြုမိန့် ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အောက်တွင်ထုတ်ပေးနေသော အစိုးရဌာနဖြစ်သည်။
  • အခြားသက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များဖြစ်သော ဆောက်လုပ်ရေးပါမစ်၊ စက်မှုဇုန်လိုင်စင်၊ ပတ်ဝန်းကျင်ဆိုင်ရာ လက်မှတ်များ၊ မီးသတ်ဌာနမှ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ ဘွိုင်လာ လက်မှတ်၊ ပို့ကုန်/သွင်းကုန် လိုင်စင်၊ အလုပ်သမားဌာနမှတ်ပုံတင်၊ နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်ခွင့်/visa-stay အစရှိသည်တို့မှာ အခြားသက်ဆိုင်ရာ အစိုးရဌာနများ၏ မူဝါဒ/ဥပဒေ အောက်တွင်ရှိပါသည်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
  • စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။

 

 

my_MMMY