ပြင်ဆင်ချက်များအတွက် (သို့) ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီးနောက် လုပ်ငန်းအတွက် ဆက်လက်လျှောက်ထားလိုသည်များအတွက် ခွင့်ပြုချက်ရယူခြင်း

 

ဝန်ဆောင်မှုများ–

(က) ခွင့်ပြုမိန့်ပါမစ်/အတည်ပြုမိန့်ပြင်ဆင်ခြင်း

(ခ) ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲမဖြစ်မနေလိုအပ်ချက်များအတွက်လျှောက်ထားခြင်း

(ခ) ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲလုပ်ငန်းများအတွက်လျှောက်ထားခြင်း  

 

အရေးကြီးပြင်ဆင်ချက်များ

အရေးကြီးပြင်ဆင်ချက်များဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်/အတည်ပြုမိန့်များ ပြင်ဆင်ရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ပုံစံပြောင်းလဲခြင်း၊ တိုးချဲ့ခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့အတွက် ဝန်ဆောင်မှုပေးပါသည်။

(ခ) ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲမဖြစ်မနေလိုအပ်ချက်များအတွက်လျှောက်ထားခြင်း

ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲမဖြစ်မနေလိုအပ်ချက်များဖြစ်သည့် စီးပွားဖြစ်လုပ်ငန်းစတင်သည့်နေ့ရက်၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် စသည်တို့အတွက် ခွင့်ပြုချက်များ လျှောက်ထားရန် ဝန်ဆောင်မှုပေးပါသည်။

ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲလုပ်ငန်းများအတွက်လျှောက်ထားခြင်း

အမြတ်ငွေများပြန်လည်ရင်းနှီးမြှုပ်နှံခြင်းစသော လုပ်ငန်းစဉ်များအတွက် လိုအပ်သောခွင့်ပြုချက်များဖြစ်ပါသည်။ 

  • ပါမစ်ပြောင်းလဲပြင်ဆင်ခြင်း 

ခွင့်ပြုမိန့်/အတည်ပြုမိန့်ပါ အချက်အလက်များပြောင်းလဲရမည့် အပြောင်းအလဲမျိုးဖြစ်ပေါ်သောအခြေအနေအတွက်ဖြစ်ပါသည်။

  • ပါမစ်ရပြီးနောက်ပိုင်း နောက်ဆက်တွဲမဖြစ်မနေလိုအပ်ချက်များအတွက်လျှောက်ထားခြင်း 

ဤကဲ့သို့သော လျှောက်ထားခြင်းမျိုးသည် မဖြစ်မနေလိုအပ်သော ခွင့်ပြုချက်များ (ဥပမာအားဖြင့် ဆောက်လုပ်ရေးကာလအဆုံးတွင် မဖြစ်မနေလျှောက်ရသော လုပ်ငန်းစီးပွားဖြစ်စတင်သောနေ့အတွက် ခွင့်ပြုချက်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့် အတွက် ခွင့်ပြုချက်) တို့အတွက်ဖြစ်ပါသည်။ 

  • Subsequent major application

အမြတ်ငွေများပြန်လည်ရင်းနှီးမြှုပ်နှံခြင်း (အခွန်ကင်းလွတ်ခွင့်ပါသည်ဖြစ်စေ/မပါသည်ဖြစ်စေ) စသော လုပ်ငန်းစဉ်များအတွက် လိုအပ်သောခွင့်ပြုချက်များဖြစ်ပါသည်။ 

 

  • အကောင်းဆုံးနည်းဗျူဟာများအတွက် အကြံပေးဆွေးနွေးမှု 
  • အဆိုပြုလွှာအတွက် စာရွက်စာတမ်းများပြင်ဆင်ရေးဆွဲခြင်း (အခြား third party organization များမှရေးဆွဲရမည့် ပတ်ဝန်းကျင်ဆိုင်ရာအစီအရင်ခံစာများဖြစ်သည့် EIA, EMP စသည်တို့မပါဝင်ပါ) 
  • အဆိုပြုလွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း 
  • သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
  • လုပ်ငန်းအမျိုးအစားနှင့် ဇုံပေါ်တွင်မူတည်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ် မှ ၅ နှစ်အထိရရှိနိုင်ပါသည်။
  •  ဆောက်လုပ်ရေးကာလအတွင်း တင်သွင်းမည့်ပစ္စည်းများ၊ စက်ကိရိယာများစသည်တို့အတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့် ရရှိနိုင်သည်။
  • ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ချိန်တွင် သက်ဆိုင်သော သက်သာခွင့်များရရှိနိုင်ပါသည်။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်/အတည်ပြုမိန့် ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အောက်တွင်ထုတ်ပေးနေသော အစိုးရဌာနဖြစ်သည်။
  • အခြားသက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များဖြစ်သော ဆောက်လုပ်ရေးပါမစ်၊ စက်မှုဇုန်လိုင်စင်၊ ပတ်ဝန်းကျင်ဆိုင်ရာ လက်မှတ်များ၊ မီးသတ်ဌာနမှ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ ဘွိုင်လာ လက်မှတ်၊ ပို့ကုန်/သွင်းကုန် လိုင်စင်၊ အလုပ်သမားဌာနမှတ်ပုံတင်၊ နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်ခွင့်/visa-stay အစရှိသည်တို့မှာ အခြားသက်ဆိုင်ရာ အစိုးရဌာနများ၏ မူဝါဒ/ဥပဒေ အောက်တွင်ရှိပါသည်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
  • စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။

 

my_MMMY