ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ဝန်ဆောင်မှု

အွန်လိုင်းဖြင့်ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် offine မှတ်တမ်းများ( ဆိုလိုသည်မှာ ဒါရိုက်တာဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် သဘောတူညီမှုစာချုပ်များ အပါအဝင် ဒါရိုက်တာ/အဖွဲ့ဝင်တို့၏မှတ်ပုံတင်များ ၊ လက်မှတ်နှင့်တံဆိပ်ခေါင်းများပါရှိသော ရှယ်ယာလက်မှတ်များ စသည့်) တို့ကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ကုမ္ပဏီမှတ်တမ်းများတွင်ထိန်းသိမ်းထားရှိနိုင်ရန် ဝန်ဆောင်မှုများ။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ကုမ္ပဏီမှတ်ပုံတင်ခြင်း

အဖွဲ့အစည်းတစ်ခုသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်နှင့်လိုင်စင်များ လိုအပ်သည်ဖြစ်စေ၊မလိုအပ်သည်ဖြစ်စေ မှတ်ပုံတင်ထားခြင်းရှိရပါမည်။

ပြည်ပကော်ပိုရေးရှင်းများသည်လည်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃(က) အရ မှတ်ပုံတင်ရမည်ဖြစ်သည်။

 

ဖွဲ့စည်းမှတ်ပုံတင်နိုင်သော ကုမ္ပဏီအမျိုးအစားများ

(က) ရှယ်ယာဖြင့်တာဝန်ကန့်သတ်ထားသောကုမ္ပဏီ–

  1. (၁) အစုရှင် ၅၀ ထက်မပိုသော အများနှင့်မသက်ဆိုင်သောကုမ္ပဏီ (ကုမ္ပဏီမှ အလုပ်ခန့်ထားသူများမပါဝင်)
  2. (၂) အစုရှင်ဦးရေမကန့်သတ်ထားသော အများနှင့်သက်ဆိုင်သောကုမ္ပဏီ

(ခ) အစုရှင်ဦးရေ အကန့်အသတ်မရှိသည့် ခံဝန်ချက်အားဖြင့်တာဝန်ကန့်သတ်ထားသောကုမ္ပဏီ
(ဂ) အစုရှင်ဦးရေ အကန့်အသတ်မရှိသည့် တာဝန်မကန့်သတ်ထားသောကုမ္ပဏီ

ဖွဲ့စည်းမှတ်ပုံတင်နိုင်သော အခြားကော်ပိုရေးရှင်းအမျိုးအစားများ

(က) စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့
(ခ) ပြည်ပကော်ပိုရေးရှင်း
(ဂ) ဤဥပဒေအရသော်လည်းကောင်း၊ အခြားဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ကုမ္ပဏီတစ်ခုအဖြစ်မှတ်ပုံတင်ခွင့်ရှိသည့် အခြားကော်ပိုရေးရှင်းတစ်ရပ်ရပ်
(ဃ) အခါအားလျော်စွာ ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် အခြားသော အဖွဲ့အစည်းများ

 

  • အကောင်းဆုံးနည်းဗျူဟာများအတွက် အကြံပေးဆွေးနွေးမှု 
  • လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ရေးဆွဲခြင်း (အခြား third party organization များမှပြင်ဆင်ရမည့်စာရွက်စာတမ်းများမပါဝင်ပါ) 
  • လျှောက်လွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း
  • သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
  • ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ 
  • ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာစည်းမျဉ်းများ ၂၀၁၈
  • အချိန်အားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်ကြေငြာစာများ   

  • ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
  • စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။

 

my_MMMY