ဝန်ဆောင်မှုများ
မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် အောက်ပါဝန်ဆောင်မှုများပေးပါသည်။
(က) ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်များ၊ လိုင်စင်များ၊ မှတ်ပုံတင်ခြင်းနှင့် ခွင့်ပြုချက်များ
(ခ) လုပ်ငန်းသက်တမ်းတစ်လျှောက်တွင် ဥပဒေများနှင့်အညီ MyCo Filing၊ အစီရင်ခံစာများတင်ပေးခြင်း
(c) winding up
ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်၊ အတည်ပြုမိန့် တို့နှင့် ဆက်စပ်လုပ်ငန်းများအတွက်ခွင့်ပြုချက်ရယူခြင်း
ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်၊ အတည်ပြုမိန့် တို့နှင့် ဆက်စပ်လုပ်ငန်းများအတွက် အောက်ပါဝန်ဆောင်မှုများပေးပါသည်။
၁။ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်၊ အတည်ပြုမိန့် ရယူခြင်း။
၂။ ပြင်ဆင်ချက်များအတွက် (သို့) ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီးနောက် လုပ်ငန်းအတွက် ဆက်လက်လျှောက်ထားလိုသည်များအတွက် ခွင့်ပြုချက်ရယူခြင်း။
၃။ ဥပဒေအရ ပုံမှန်တင်ပြရသော filing များ၊ အစီရင်ခံစာများ တင်ပြပေးခြင်းနှင့် အခြားခွင့်ပြုချက်များရယူပေးခြင်း။
ကုမ္ပဏီဥပဒေအရ MyCo Filing ဝန်ဆောင်မှု
ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ဖျက်သိမ်းခြင်းစသည်တို့အပြင် ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင် အပြောင်းအလဲများနှင့် နှစ်စဉ်အစီရင်ခံခြင်းတို့အတွက် တင်ရမည့် MyCo Filing များအတွက် ဝန်ဆောင်မှုပေးပါသည်။
လုပ်ငန်းလိုင်စင်နှင့် အဓိကခွင့်ပြုမိန့်များ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်သွယ်ရေးဝန်ကြီးဌာန အစရှိသည်တို့မှ လုပ်ငန်းလိုင်စင်များနှင့် အဓိကခွင့်ပြုချက်များရယူရန် ဝန်ဆောင်မှုပေးပါသည်။
ကုန်ပစ္စည်းအမှတ်တံဆိပ်မှတ်ပုံတင်ခြင်း
ကုန်ပစ္စည်းအမှတ်တံဆိပ်ဟောင်းများကို ပြန်လည်မှတ်ပုံတင်ခြင်းနှင့် အမှတ်တံဆိပ်သစ်များကို အသစ်မှတ်ပုံတင်ခြင်းတို့အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအောက်တွင် ဝန်ဆောင်မှုပေးပါသည်။
ဥပဒေဆိုင်ရာ စာရွက်စာတမ်းများ မှတ်ပုံတင်ခြင်း
စာရွက်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်နှင့် အခြားဥပဒေဆိုင်ရာ စာရွက်စာတမ်းများ တရားဝင်မှတ်ပုံတင်ရန် ဝန်ဆောင်မှုပေးပါသည်။
အခြားဝန်ဆောင်မှုများ
အသစ်ချဲ့ထွင်နေသော လုပ်ငန်းများအား ဤစာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။