ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်၊ အတည်ပြုမိန့် တို့နှင့် ဆက်စပ်လုပ်ငန်းများအတွက်ခွင့်ပြုချက်ရယူခြင်း
ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကခွင့်ပြုချက်များ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ အဓိကခွင့်ပြုချက်များလိုအပ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအောက်မှ ခွင့်ပြုမိန့်/အတည်ပြုမိန့်သည် အထူးသဖြင့် ခွင့်ပြုမိန့်/အတည်ပြုမိန့်မရှိဘဲ တစ်နှစ်ထက်ပိုသော ကာလရှည် မြေငှားရမ်းမှုကို ပြုလုပ်ခွင့်မရှိသော နိုင်ငံခြားသားပိုင် ကုမ္ပဏီများအတွက် အထူးအရေးကြီးသော ခွင့်ပြုချက်တစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရထားသော လုပ်ငန်းများအတွက် အထူးအခွင့်အရေးများနှင့် အထောက်အပံ့များ ရှိပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ခွင့်ပြုချက်နှင့် အခြားဆက်စပ် အခွင့်အရေး အထောက်အပံ့များအတွက် လျှောက်ထားရန်ဝန်ဆောင်မှုပေးပါသည်။ အစိုးရ ဝန်ကြီးဌာနများနှင့် ဆောင်ရွက်သောကိစ္စများတွင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများထံ အဆိုပြုလွှာတင်သွင်းသည့် ကိစ္စမှ စ၍ ဝန်ဆောင်မှုပေးပါသည်။
ပြင်ဆင်ချက်များအတွက် (သို့) ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီးနောက် လုပ်ငန်းအတွက် ဆက်လက်လျှောက်ထားလိုသည်များအတွက် ခွင့်ပြုချက်ရယူခြင်း
ပြင်ဆင်ချက်များအတွက် (သို့) ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီးနောက် လုပ်ငန်းအတွက် ဆက်လက်လျှောက်ထားလိုသည်များ (ရင်းနှီးမြှုပ်နှံမှု structure ပြောင်းလဲခြင်း၊ အမြတ်ငွေပြန်လည်ရင်းနှီးမြှုပ်နှံရန် လျှောက်ထားခြင်း အစရှိသည်ဖြင့်) အတွက် ခွင့်ပြုချက်ရယူခြင်း တို့အတွက်လည်း ဝန်ဆောင်မှုပေးပါသည်။
ဥပဒေအရ ပုံမှန်တင်ပြရသော filing များ၊ အစီရင်ခံစာများ တင်ပြပေးခြင်းနှင့် အခြားခွင့်ပြုချက်များရယူပေးခြင်း။
ဥပဒေအရ ပုံမှန်တင်ပြရသော filing များ၊ အစီရင်ခံစာများ တင်ပြပေးခြင်းနှင့် နိုင်ငံခြားသားဝန်ထမ်းများခန့်ထားခွင့်/visa-stay-labor ခွင့်ပြုချက်များကဲ့သို့သော အခြားခွင့်ပြုချက်များရယူပေးခြင်း