လုပ်ငန်းလိုင်စင်နှင့် အဓိကခွင့်ပြုမိန့်များ
အစိုးရဌာနများ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်သွယ်ရေးဝန်ကြီးဌာန အစရှိသည်ဖြင့်) ထံမှ အဓိကလုပ်ငန်းလိုင်စင်များနှင့် ခွင့်ပြုချက်များ ရယူရန် ဝန်ဆောင်မှုပေးပါသည်။
အဓိကလုပ်ငန်းလိုင်စင်များနှင့် ခွင့်ပြုချက်များ ရယူခြင်း
ဤစာမျက်နှာတွင် ဖော်ပြထားသော အဓိကလုပ်ငန်းလိုင်စင်များနှင့် ခွင့်ပြုချက်များ အပြင် အခြားလိုင်စင်နှင့် ခွင့်ပြုချက်များရယူရန်လည်း ဝန်ဆောင်မှုပေးပါသည်။
ဤစာမျက်နှာတွင် မဖော်ပြထားသော လိုင်စင်နှင့် ခွင့်ပြုချက်များအတွက် ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။
အဓိကလိုင်စင်များ
(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းလိုင်စင်
(ခ) ကုန်သွယ်ရေးဝန်ကြီးဌာနမှ လက်လီ/လက်ကား လိုင်စင်
အဓိကခွင့်ပြုချက်များ
(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားချေးငွေအတွက် ခွင့်ပြုချက်
- အကောင်းဆုံးနည်းဗျူဟာများအတွက် အကြံပေးဆွေးနွေးမှု
- လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ရေးဆွဲခြင်း (အခြား third party organization များမှပြင်ဆင်ရမည့်စာရွက်စာတမ်းများမပါဝင်ပါ)
- လျှောက်လွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း
- သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ
- ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် ၂၅/၂၀၁၈
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ
- အချိန်အားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်ကြေငြာစာများ
- ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
- စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
- လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။