ကုမ္ပဏီဥပဒေအရ MyCo Filing ဝန်ဆောင်မှု

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရတင်ရသော MyCo Filing နှင့် ကုမ္ပဏီတွင်းထိန်းသိမ်းရမည့်မှတ်တမ်းများအတွက်ဝန်ဆောင်မှု

ဤဝန်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများကြီးကြပ်ရေးဦးစီးဌာန (DICA) ထံမဖြစ်မနေတင်ပြရသည့် ရှယ်ယာတိုးမြှင့်ခြင်း၊ ဒါရိုက်တာ/အစုရှင် အချက်အလက်ပြောင်းလဲခြင်း အစရှိသည့်ပြောင်းလဲခြင်းများ၊ နှစ်ပတ်လည်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကျင်းပခြင်း၊ နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း၊ ကုမ္ပဏီလိပ်စာပြောင်းလဲခြင်း၊ ရှယ်ယာအရောင်းအဝယ်/လွှဲပြောင်းခြင်း အစရှိသည်တို့ကို Filing ပြုလုပ်ပေးခြင်းနှင့် ဆက်စပ်စာရွက်စာတမ်းများကို ကုမ္ပဏီအတွင်းဥပဒေအရ ထိန်းသိမ်းထားနိုင်ရန် ပြင်ဆင်၊ စုဆောင်း၊ ဆောင်ရွက်ပေးသော ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို ကိစ္စတစ်ခုချင်းအလိုက်အပြင်၊ နှစ်ရှည်စာချုပ်ဖြင့်လည်း ဆောင်ရွက်ပေးပါသည်။ နှစ်ရှည်ဝန်ဆောင်မှုကိုရယူပါက နှစ်စဉ် ကုမ္ပဏီတွင်း အပြောင်းအလဲများနှင့် တင်ရမည့် filing များ၊ ပြင်ဆင်ထိန်းသိမ်းရမည့် စာရွက်စာတမ်းများ/မှတ်တမ်းများ အစရှိသည်တို့ကို လိုအပ်သည့်အတိုင်းဆောင်ရွက်ပေးပါသည်။

 

 

  • ဥပဒေအရ မဖြစ်မနေဆောင်ရွက်ရသော နှစ်ပတ်လည်အစည်းအဝေး (ကုမ္ပဏီငယ်များကင်းလွတ်ခွင့်ရှိသည်) နှင့် နှစ်ပတ်လည်အစီရင်ခံစာတင်ခြင်း
  • ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင်ဖြစ်ပေါ်သောအပြောင်းအလဲများ (ဒါရိုက်တာအပြောင်းအလဲ၊ ရှယ်ယာအပြောင်းအလဲစသည်ဖြင့်) တို့အတွက်တင်ရသော MyCo Filing များ
  • ကုမ္ပဏီဒါရိုက်တာနှင့်အစုရှင်များ၏ စည်းဝေးမှတ်တမ်းများနှင့် အခြားအရေးကြီးစာရွက်စာတမ်းများနှင့် မှတ်တမ်းများထိန်းသိမ်းခြင်း

 

  • ကိစ္စတစ်ခုခြင်းအတွက်ဆောင်ရွက်ပေးခြင်း 
  • နှစ်ရှည်စာချုပ်ဖြင့်ဆောင်ရွက်ပေးခြင်း
  • ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ 
  • ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဥပဒေပြုထုတ်ပြန်ထားသော မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာစည်းမျဉ်းများ ၂၀၁၈
  • အချိန်အားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်ကြေငြာစာများ   

Maintaining Compliance

ဒီဂျစ်တယ်နည်းပညာပြောင်းလဲမှုကြောင့် ကမ္ဘာကြီးသည်လည်းကျဉ်းမြောင်းလာပြီဖြစ်သည်။ အစိုးရဌာနများ၏ system များကို ဒီဂျစ်တယ်နည်းပညာအဖြစ်ပြောင်းလဲမှုကြောင့် မိမိကုမ္ပဏီ၏ ဥပဒေအရလုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို ယခု တစ်ကမ္ဘာလုံးမှကြည့်ရှုနိုင်ပါသည်။

သင့်ကုမ္ပဏီ၏ ပုံရိပ်ကောင်းကို ထိန်းသိမ်းရန်အတွက် ဥပဒေအား တစ်သွေမသိမ်းလိုက်နာသော မှတ်တမ်းကို ထိန်းသိမ်းရန်မှာ သင့်ကုမ္ပဏီကြီးထွားလာရန်အတွက် အလွန်ပင်အရေးကြီးလာပြီဖြစ်ပါသည်။  

ကုမ္ပဏီမှတ်တမ်းများကို အလွယ်တကူကြည့်ရှုနိုင်ခြင်း

အချို့ကာလရှည်ဝန်ဆောင်မှုများအတွက် အချက်အလက်၊ စာရွက်စာတမ်းများမျှဝေနိုင်ရန်နှင့် လုပ်ငန်းခရီးရောက်မှုအသိပေးနိုင်ရန်အတွက် Client Portal ကို အသုံးပြုခွင့်ပေးမည်ဖြစ်ပါသည်။ Client Portal ၏ အားသာချက်များမှာ–
- အချက်အလက်၊ စာရွက်စာတမ်း၊နှင့် update များကိုလွယ်ကူစွာကြည့်ရှုနိုင်ခြင်း
- Secretarial Service (ကုမ္ပဏီဥပဒေအရ MyCo Filing နှစ်ရှည်ဝန်ဆောင်မှု) အတွက် မှတ်တမ်းသမိုင်းကြောင်းများကို လွယ်ကူစွာတစ်စုတစ်စည်းတည်းကြည့်ရှုနိုင်ခြင်း 
- Project ကြီးများအတွက် progress ကို စောင့်ကြပ်နိုင်ခြင် 
- သက်ဆိုင်ရာလုပ်ငန်းများအတွက် အရေးကြီးသော အချက်အလက်နှင့် အစိုးရညွှန်ကြားချက်များကို ကြည့်ရှုနိုင်ခြင်း 

  • ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
  • စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။

 

my_MMMY