ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်သည့်ရင်းနှီးမြှုပ်နှံမှုများအတွက် အဆိုပြုလွှာတင်သွင်းခြင်း

ပြည်ထောင်စုသမ္မတနိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက် အမှတ် ၂/၂၀၁၈ နှင့် Public-Private Partnership Center (PPP Center)၏ အမိန့်ကြေငြာချက် အမှတ် ၁/၂၀၂၀ ပါအချက်များအရ ဤအဆိုပြုလွှာမျိုးသည် ဖိတ်ခေါ်ခြင်းမခံရခင် တင်သွင်းသောအဆိုပြုလွှာ (unsolicited proposal) အမျိုးအစားတွင်ပါဝင်ပြီး client အနေဖြင့် သက်ဆိုင်ရာ ပူးပေါင်းလိုသည့် အစိုးရဌာနထံသို့ လုပ်ငန်းအဆိုပြုလွှာကို တင်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ ထပ်မံ၍ ခွင့်ပြုမိန့်/အတည်ပြုမိန့်အတွက် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်သည်။

ဤ Public-Private Partnership အဆိုပြုလွှာမျိုးအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ညာဘက် column တွင် ဖော်ပြထားပါသည်။

ဝန်ဆောင်မှု

အကြံပေးဆွေးနွေးခြင်း

လိုအပ်သော ရင်းနှီးမြှုပ်နှံမှုပုံစံအတွက် အကောင်းဆုံးနည်းဗျူဟာရရှိရန် အကြံပေးဆွေးနွေးခြင်း

ပြင်ဆင်မှု

အဆိုပြုလွှာတွင်ပါဝင်ရမည့် စာရွက်စာတမ်းများပြင်ဆင်မှု (အသေးစိတ် checklist ကို တောင်းဆိုလျှင် ပို့ပေးနိုင်ပါသည်)

စုစည်းခြင်း

client နှင့် အခြား consultant များမှပေးသော အချက်အလက်များနှင့် စာရွက်စာတမ်းများကို စစ်ဆေး၍ အဆိုပြုလွှာနှင့် ညီညွတ်စေရန် စုစည်းပြင်ဆင်ခြင်း

အဆိုပြုလွှာတင်သည့် လုပ်ငန်းစဉ်

သက်ဆိုင်ရာ ပူးပေါင်းမည့် အစိုးရဌာနနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ အဆိုပြုလွှာတင်ပြခြင်း

my_MMMY