ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်/အတည်ပြုမိန့်

 

ရင်းနှီးမြှုပ်နှံမှု အတွက် အဓိကကျသော ခွင့်ပြုချက်များ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ အဓိကခွင့်ပြုချက်များလိုအပ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအောက်မှ ခွင့်ပြုမိန့်/အတည်ပြုမိန့်သည် အထူးသဖြင့် ခွင့်ပြုမိန့်/အတည်ပြုမိန့်မရှိဘဲ တစ်နှစ်ထက်ပိုသော ကာလရှည် မြေငှားရမ်းမှုကို ပြုလုပ်ခွင့်မရှိသော နိုင်ငံခြားသားပိုင် ကုမ္ပဏီများအတွက် အထူးအရေးကြီးသော ခွင့်ပြုချက်တစ်ခုဖြစ်ပါသည်။

ပုဂ္ဂလိကဘက်မှ အစိုးရဌာနများထံ ရင်းနှီးမြှုပ်နှံမှု အတွက် ဖိတ်ခေါ်ခံရခြင်းမရှိခင်အဆိုပြုခြင်း

ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်သည့်ရင်းနှီးမြှုပ်နှံမှုများအတွက် ပုဂ္ဂလိကဘက်မှ အစိုးရဌာနများထံ ရင်းနှီးမြှုပ်နှံမှု အတွက် ဖိတ်ခေါ်ခံရခြင်းမရှိခင် အဆိုပြုလွှာတင်ရာတွင် သက်ဆိုင်ရာဌာနသို့ တင်ပြချိန်မှစ၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရချိန်အထိ ဝန်ဆောင်မှုပေးပါသည်။

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံလျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံငွေ US$ 5 သန်းနှင့်အထက် (သို့) ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်လိုအပ်သော လုပ်ငန်းအမျိုးအစားများအတွက်ဖြစ်ပါသည်။

  • တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရထံလျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံငွေ US$ 5 သန်းအောက် လုပ်ငန်းများအတွက်ဖြစ်သည်။

  • ပုဂ္ဂလိကဘက်မှ အစိုးရဌာနများထံ ရင်းနှီးမြှုပ်နှံမှု အတွက် ဖိတ်ခေါ်ခံရခြင်းမရှိခင်အဆိုပြုခြင်း

ဤအဆိုပြုချက်မျိုးသည် သက်ဆိုင်ရာအစိုးရဌာနများထံတွင် စတင်၍အဆိုပြုလွှာတင်ရပြီး ထိုမှတစ်ဆင့် တင်ဒါ (သို့) swiss challenge အနေဖြင့် လုပ်ငန်းပူးပေါင်းလုပ်ပိုင်ခွင့်ရရှိနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်သည်။

 

  • အကောင်းဆုံးနည်းဗျူဟာများအတွက် အကြံပေးဆွေးနွေးမှု 
  • အဆိုပြုလွှာအတွက် စာရွက်စာတမ်းများပြင်ဆင်ရေးဆွဲခြင်း (အခြား third party organization များမှရေးဆွဲရမည့် ပတ်ဝန်းကျင်ဆိုင်ရာအစီအရင်ခံစာများဖြစ်သည့် EIA, EMP စသည်တို့မပါဝင်ပါ) 
  • အဆိုပြုလွှာပြီးပြည့်စုံသည်အထိ လိုအပ်သည်များအားလုံးကို စုစည်းခြင်း 
  • သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း
  • လုပ်ငန်းအမျိုးအစားနှင့် ဇုံပေါ်တွင်မူတည်၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ၃ နှစ် မှ ၅ နှစ်အထိရရှိနိုင်ပါသည်။
  •  ဆောက်လုပ်ရေးကာလအတွင်း တင်သွင်းမည့်ပစ္စည်းများ၊ စက်ကိရိယာများစသည်တို့အတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့် ရရှိနိုင်သည်။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်/အတည်ပြုမိန့် ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အောက်တွင်ထုတ်ပေးနေသော အစိုးရဌာနဖြစ်သည်။
  • အခြားသက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များဖြစ်သော ဆောက်လုပ်ရေးပါမစ်၊ စက်မှုဇုန်လိုင်စင်၊ ပတ်ဝန်းကျင်ဆိုင်ရာ လက်မှတ်များ၊ မီးသတ်ဌာနမှ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်များ၊ ဘွိုင်လာ လက်မှတ်၊ ပို့ကုန်/သွင်းကုန် လိုင်စင်၊ အလုပ်သမားဌာနမှတ်ပုံတင်၊ နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်ခွင့်/visa-stay အစရှိသည်တို့မှာ အခြားသက်ဆိုင်ရာ အစိုးရဌာနများ၏ မူဝါဒ/ဥပဒေ အောက်တွင်ရှိပါသည်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းနယ်ပယ်များစွာမှ လုပ်ငန်းမျိုးစုံတို့အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ရယူပေးထားသော အတွေ့အကြုံတို့သည် လုပ်ငန်းအပ်နှံမည့်ရင်းနှီးမြှုပ်နှံသူများအတွက် အားသာချက်တစ်ခုဖြစ်ပါသည်။
  • စာရွက်စာတမ်းနှင့် လုပ်ငန်း progress တို့ကို interactive client portal တွင် အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။
  • လုပ်ငန်းနှင့် သက်ဆိုင်သော template များ၊ guideline များကို လုပ်ငန်းအပ်နှံသည်နှင့် client portal တွင် မျှဝေသွားမည်ဖြစ်ပါသည်။ 

 

my_MMMY